ရန်ကုန် ၅ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ပြေးဆွဲနေသော City Taxi ၆၆၆၇၃ စီးတွင် မှတ်ပုံတင် သက်တမ်းတိုးရန် City taxi ၅၇၈၆ စီးရှိနေ၍ YRTA မှ မှတ်ပုံတင်၊သက်တမ်းတိုးပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း YRTA ရုံးမှသိရသည်။
တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော စီးတီးတက္ကစီစာရင်းသည် ဇွန်လပိုင်းလကုန်စာရင်းမှာ မထသမှ လွှဲပြောင်းယူခဲ့သော စာရင်းဖြစ်ပြီး မှတ်ပုံတင်ပျက်ကွက်နေသော စီးတီတက္ကစီ(၅)ထောင် ကျော်ကို ပြန်လည်ဖော်ထုတ်မှတ်ပုံတင်နိုင်ရန် YRTA မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြကာ ကြိုးပန်းဆောင်ရွက်လျက်ရှိသည်။
“ဇွန်လပိုင်းမှတ်ပုံတင်စာရင်းမှာ စီးတီးတက္ကစီစာရင်းက ၆၆၆၇၃ စီးရှိတယ်။ ဒါဟာကညနနဲ့ တိုက်ထားတဲ့စာရင်းပါ။ကျွန်တော်တို့ထံ မလာတဲ့တက္ကစီ ၅၇၈၆ စီးဟာ စာရင်းမှာ ပျက်ကွက်နေတယ်။ ဒါ့ကြောင့် မှတ်ပုံတင်ပျက်ကွက်တဲ့ ကားတွေကို ထပ်မံမှတ်ပုံတင်ခွင့်တောင်းတဲ့အခါမှာ (၅)ထောင်ကျော်ကို ပြန်လည်ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင်သက်တမ်းတိုးပေးခြင်းကို လုပ်တာပါ။ စီးတီးတက္ကစီ ၅၇၈၆ စီးဟာ YRTA စာရင်းနဲ့ ကင်းကွာနေတယ်လို့ တွေ့ရပါတယ်”ဟု YRTA မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောသည်။
YRTAမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်YBS ယာဉ်လိုင်းများ အပါအဝင် ယာဉ်မျိုးစုံ(၆၆၃၅) စီး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက်မှ တစ်ရက်လျှင် အစီးရေ(၄၅၀ဝ)ကျော် ပြေးဆွဲလျက်ကာ ရန်ကုန်မြို့နေပြည်သူ ၁ ဒဿမ ၉ သန်းခန့်ကို ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိသည်။
City Taxi များ အနေဖြင့်လည်း နေ့စဉ်ဝန်ဆောင်မှုပေးရာ၌ ၂၀၁၇ ခုနှစ်တွင် အမှုမျိုးစုံ ၆၂၁ မှု၊ ၂၀၁၈ ခုနှစ်တွင် ၄၃၇ မှုနှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်(၂၂ )ရက်နေ့ထိ အမှုပေါင်း၂၀၃ မှုကို YRTA မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်၊ သက်တမ်းတိုးရန် ရန်ကျန်ရှိသော စီးတီးတက္ကစီယာဉ်များ အနေဖြင့် YRTA ရုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းနေခြင်းဖြစ်သည်။
ထို့သို့တိုက်တွန်းမှုသည် တက္ကစီမူဝါဒကိုရေးဆွဲရာ၌ ပိုင်ရှင်များအနေဖြင့်အထောက်အပံ့ရရှိစေ မည်ဖြစ်ပြီး စက်တင်ဘာ (၃၀)ရက်နေ့ထိ City Taxi တက္ကစီများ မှတ်ပုံတင်နိုင်ရန်YRTA နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။ လက်ရှိ ပြေးဆွဲနေသော AA ၊ BB City TaXi ယာဉ်(၃ ၇၀ဝ၀)ကျော်မှ ာစာရင်းရှိလျက်ကျန်သော ယာဉ်အက္ခရာဖြင့် တက္ကစီ (၂၂၀ဝ)ကျော်နှင့်ကျန်စီးတီး တက္ကစီတို့ဖြင့် စုစုပေါင်း(၆၆၆၇၃)စီး စာရင်းရှိ၍ ၅၇၈၆ စီးမှာကင်းကွာနေသောကြောင့် ကျန်ရှိသော တက္ကစီများစီးတီးတက္ကစီအဖြစ်သတ်မှတ်ကာလအတွင်းသက်တမ်းတိုး၊မှတ်ပုံတင်ရန် YRTA နှင့်ဆက်သွယ်ရန် အသိပေးလျက်ရှိကြောင်းသိရသည်။
သန်းထိုက်


