နေပြည်တော် ၃၀ ဇန်နဝါရီ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စားသောက်ကုန် ပြုပြင်ထုတ်လုပ်ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် လုပ်ဆောင်ခြင်းနှင့် နည်းပညာရပ်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သင်တန်းသားများ အပြန်အလှန် စေလွှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အပင်ပိုးမွှားရောဂါကင်းရှင်းရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စက်မှုသီးနှံ နှစ်ရှည်ပင်များဆိုင်ရာ အကျိုးတူ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေမှုများ၊ မလေးရှားနိုင်ငံအပါအဝင် ပြည်ပဈေးကွက်များသို့ ရေထွက်ပစ္စည်းတင်ပို့နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)