မန္တလေး ၁၇   အောက်တိုဘာ

 

ကနေဒါနိုင်ငံ Canadian Executive Service Organization(CESO) နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့ ပူးပေါင်း၍ စိုက်ပျိုးရေး အဖျက်ပိုးမွှားများနှင့် စပ်လျဉ်း၍ အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့၊၇၈လမ်းနှင့်ဘုရားကြီးအရှေ့မုခ်လမ်းရှိ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ Food Safety Project စီမံကိန်းဒါရိုက်တာ ဦးကျင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ကနေဒါနိုင်ငံ Canadian Executive Service Organization (CESO) မှ Volunteer Advisor နည်းပြ Dr. Michael Irvine က  စိုက်ပျိုးရေးအဖျက်ပိုးမွှားများနှင့် စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသော စိုက်ပျိုး တောင်သူများက သိရလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက် မှ ၁၈ ရက်အထိ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးတောင်သူ(၂၀)ဦး ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်လာသော စိုက်ပျိုးတောင်သူများနေဖြင့် မိမိတို့ဒေသရှိ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေး အဖျက်ပိုးမွှားများ ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးမျှဝေပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)