ပဲခူး  ၂၄   စက်တင်ဘာ 

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ငါးနှင့် သစ်တောကဏ္ဏဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ(စတုတ္ထ) မူကြမ်းအပေါ် ပြည်သူများ၏သဘောထားအမြင်နှင့် အကြံဉာဏ်ရယူရေး အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက "ဖွံ့ဖြိုးရေးအတွက် အစိုးရ၊တောင်သူလယ်သမားနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များဟာ သုံးနားညီတြိဂံလို ဟန်ချက်ညီစွာ ပေါင်းစပ်နိုင်မှသာရေရှည်တည်တံ့ပြီး အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိမှာဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း တောင်သူနှင့် ပုဂ္ဂလိကလုပ်ငနားရှင်တို့ သဘောတူညီမျှဟန်ချက်ညီအောင် ဆက်စပ်ပေါင်းစည်း ထုတ်လုပ်နိုင်ရေးကို ထိန်းကျောင်းဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အားလုံးကအပြုသဘောဆောင်သော ပြောင်းလဲမှုနှင့်ပေါင်းစပ်ဆောင်ရွက်ကြရန်" အမှာစကား ပြောကြားပေးသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အလုပ်ရုံဆွေးနွေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မဟာဗျူဟာရေးဆွဲရေးခေါင်ဆောင် ဦးစံသိန်းက စိုက်ပျိုးရေး မွေးမြူရေး၊ငါးနှင့်သစ်တောကဏ္ဏဖွံ့ဖြိုးတိုးတက်မှုမဟာဗျူ ဟာ(စတုတ္ထမူကြမ်း)အား power point ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြပြီး စားပွဲဝိုင်းအုပ်စု(၁၀)ခုဖွဲ့စည်းခြင်းနှင့် သက်ဆိုင်ရာဖွံ့ဖြိုးရေးနယ်ပယ်များကို စတင်ဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသူများမှဆွေးနွေးချက်အားလုံးနှင့်မဟာဗျူ ဟာမူကြမ်းအပေါ်ဝေဖန်သုံးသပ်အကြံပြုကြပြီးနောက် အဆိုပါအကြံပြုချက်များကို ပဉ္စမမူကြမ်းအဖြစ်ပြုစုနိုင်ရေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းတောင်သူလယ်သမားများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

 

ဟိန်းထက်(ပဲခူး)