ဧပြီ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၁၁၆၄၃) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သန်း (၃၀) မတည်ပေးပြီး တိုးပွားလာသော ငွေများအား ကျေးရွာရန်ပုံငွေအဖြစ် ထားရှိ၍ ကျေးရွာပြည်သူများထံ ပြန်လည်ထုတ်ချေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
ယနေ့အချိန်တွင် ကျေးလက်နေပြည်သူများ၏မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ သက်သာစေရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အတိုးနှုန်းအား ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀)နှုန်းသို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ တစ်နှစ်တိတိ လျှော့ချသတ်မှတ်ပေးခဲ့ကြောင်း အသိပေးအပ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန


