နေပြည်တော်  ၆  အောက်တိုဘာ

 

ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းသည့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ အမှူးပြုသော ဝန်ကြီးဌာနအောက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ နိုင်ငံ့ဝန်ထမ်းများ စုပေါင်းထည့်ဝင် လှူဒါန်းသည့် အလှူငွေကျပ် ၂၉,၂၀၀,၀၀ဝိ/-ကို ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ဒုတိယဝန်ကြီးက ပေးအပ်လှူဒါန်းရာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

 

ယနေ့လှူဒါန်းမှုသည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)၌ လိုအပ်လျက်ရှိသော အောက်စီဂျင် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း အပါအဝင်  ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ပထမအကြိမ် လှူဒါန်းငွေကျပ် ၈၇,၅၀၀,၀၀ဝ/- ကို စက်တင်ဘာ ၂၉ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခဲ့ရာ ယနေ့လှူဒါန်းမှုအပါအဝင် စုစုပေါင်း ငွေကျပ် ၁၁၆,၇၀၀,၀၀ဝ/- (ကျပ်သိန်းတစ်ထောင့်တစ်ရာခြောက်ဆယ့်ခုနစ်သိန်း တိတိ) ကို ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်