mdn

နေပြည်တော် ၂၃ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဦးစီးဌာနများမှ အရာထမ်းအမှုထမ်းများနှင့် နိုင်ငံဝန်ထမ်း အားကစားသမားများ တက်ရောက်ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုရ သမဝါယမဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ တစ်ဦးချင်း အသင်းသားများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကလည်းကောင်း၊ ဒုတိယဆုရ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တတိယဆုရ စက်မှုလယ်ယာဦးစီးဌာနနှင့် နှစ်သိမ့်ဆု ရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများကလည်းကောင်း  ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)