ရန်ကုန် ၇ စက်တင်ဘာ 

ရန်ကုန် AUAA ရုံးခွဲ၏ စီစဉ်မှုဖြင့် "ဘေးကင်းသော အစားအစာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက် (စနေ့နေ့)  နံနက် ၉ နာရီတွင် မျိုးစေ့ဌာန ကြို့ကုန်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာဝင်း၊ စိုက်ပျိုးရေးတက္ကသိုလ် (၁၉၈၄ ခုနှစ်ဘွဲ့ရ) ဒေါ်သန္တာလှမြင့်နှင့် Safe Food from Safe Farm ဦးသန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ယင်းမာဆွေလှိုင်က ညှိနှိုင်းဆွေးနွေးသူအဖြစ်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။  

သတင်းစဉ်