မိုင်းဖြတ် ၅  ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးအပြင် ထွက်ရှိလာသောသီးနှံများ အရည်အသွေးပြည့်ဝ၍ ဘေးကင်းလုံခြုံသည့် အစားအစာများဖြစ်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ကို တောင်သူများလိုက်ပါဆောင်ရွက်လာစေရေး Shan State GAP Campaign အထိမ်းအမှတ်အဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှ ၆ရက်နေ့အထိ သုံးရက်တိုင်တိုင် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဖေဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပညာပေးလှုံဆော်မှုများကို ဆောင်ရွက်ခဲ့သည်။

 

55202

 

ထိုသို့  ပညာပေးလှုံ့ဆော်ရာတွင်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းနှင့် ဌာနဆိုင်ရာများက လူစည်ကားရာနေရာများဖြစ်သည့် မြို့မ ဈေးတွင် (GAP)စနစ် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

21

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် “စုပေါင်းညီညီ မောရှမ်းပြည် စိုက်ပျိုးကြမည် ဂျီအေပီ စာသားပါ ပိုစတာအား တာချီလိတ်- မိုင်းဖြတ်-မိုင်းယောင်းသွား ပြည်ထောင်စုလမ်းမကြီး လမ်းဆုံတွင်စိုက်ထူခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့သည်။

 

2101

 

မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၆  ရက်နေ့မှာ ဆိုင်ဆက်ကျေးရွာနဲ့ ၇ရက်နေ့မှာ ဝမ်နောင် ကျေးရွာများရှိ ကျေးရွာနေပြည်သူများ ၏ နေအိမ်များအရောက်  (GAP)ပညာပေး ဆွေးနွေးပွဲပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံမှ သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)

 

5663