ရန်ကုန် ၃၁ ဇန်နဝါရီ
စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း (ရန်ကုန်ရုံးခွဲ) က ဦးစီးကျင်းပသည့် ဒုတိယအကြိမ်မြောက် တွေ့ဆုံချိတ်ဆက် ကမ်းလင့်လက် Beyond YAU ပွဲကို ဖေဖော်ဝါရီ (၂) ရက် (စနေနေ့) နံနက် (၉)နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး မြေပဒေသာ ဥယျာဉ် ပုလဲကျွန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
အစီအစဉ်များကို ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် မြေဆီလွှာ ကျန်းမာရေး (Soil Health) နှင့်ပတ်သက်သည့် စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ် ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် အတန်းပေါင်းစုံပါဝင်သော ဂိမ်းကစားခြင်းများ၊ သီချင်းဆိုခြင်း၊ နိုင်ငံတကာ ပညာသင်ဆု အကြောင်းကို ဆုရရှိပြီးသူများမှ ပြန်လည်မျှဝေခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့် အစီအစဉ်တို့ ပါဝင်မည်ဖြစ်ပြီး ၁၉၈၃ ခုနှစ် ကျောင်းဆင်းများက မုန့်ဟင်းခါး စတုဒီသာ ဖြင့်လည်းကောင်း၊ Genius ကော်ဖီမှ ကော်ဖီဖြင့်လည်းကောင်း ကျွေးမွေးဧည့်ခံသွားမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉၅၁၆၃၅၈၂ / ဝ၉၇၉၈၂၃၀၂၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
(သတင်းစဉ်)