ကန်ကြီးထောင့်    အောက်တိုဘာ      ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နည်းစနစ်တကျ စိုက်ပျိုးနိုင်စေရန်နှင့် သီးနှံများ အထွက်တိုးစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စိုက်ပျိုးရေးဦးစီးဌာနက အွန်လိုင်းမှတဆင့် တောင်သူများအား အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


တောင်သူများ အသိပညာပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကြည်မိုးက "စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား မျိုးကောင်းမျိုးစေ့များ ရရှိနိုင်စေရန်နှင့် ပိုးမွှားများ ကင်းစင်စေရန်အတွက် နည်းပညာများကူညီပေးလျက်ရှိကြောင်း၊ အရည်အသွေးကောင်းသည့် သီးနှံထွက်ရှိနိုင်စေရန် မျိုးကောင်းသည့် မျိုးစေ့ကိုလည်း စိုက်ပျိုးရန်လိုကြောင်း၊ လက်ရှိအချိန်တွင် တောင်သူများအနေဖြင့် အထူးဂရုစိုက်ရမည့်အချက်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနေခြင်းကြောင့် ဧရာမင်းစပါးအမျိုးအစားဖြစ်ပါက အပင်မြင့်ခြင်းကြောင့် လဲကျနိုင်ကြောင်း၊ ယခုအချိန်အခါတွင် မုတ်သုန်မိုးများဝင်ရောက်သည့်အချိန်နှင့် ကိုက်ညီနေသောကြောင့် စပါးပင်များ ပျက်စီးမှုမဖြစ်ပေါ်စေရန်နှင့် ပိုးမွှားများမကျစေရန်အတွက် အထူးဂရုပြုရန်လိုကြောင်းနှင့် တောင်သူများ အခြားစိုက်ပျိုးရေးအသိပညာဗဟုသုတများ ရရှိစေရန်အွန်လိုင်းမှ တစ်ဆင့် အသိပညာများပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)