နေပြည်တော် ဇူလိုင် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ မြေပြန့်နှင့် တောင်ပေါ်ကုန်းမြင့် ယာစပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယာ စပါးမျိုးများ မျိုးမွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရာသီအလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် သုတေ သန လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရာသီဥတုဖောက်ပြန်လာမှုကြောင့် စိုက်ပျိုး ရေ ရှားပါးလာသဖြင့် တောင်သူအများစုက လယ်စပါးကို အခြောက်စိုက် ယာစပါးပုံစံ စိုက်ပျိုးလာကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများကို ပူးပေါင်း ပါဝင်စေကာ မျိုးများရွေးချယ်၍ ရေခက်ခဲသည့် ဒေသများတွင် လယ်စပါး စိုက်ပျိုးမှုမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်း ယာစပါးများ အစားထိုး စိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုန်းမြင့်ယာစပါးနှင့် မြေပြန့်ယာစပါး မျိုးများ၏ မျိုးဗီဇအလိုက် အထွက်နှုန်းနှင့် စားသုံးမှုအရည်အသွေး အားသာချက်များ အပေါ်မူတည်၍ ဒေသအလိုက် မျိုးကောင်းမျိုးစေ့များ ထုတ်ပေးနိုင်ရေးအတွက် သုတေ သနပညာရှင်များ ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ရာသီဥတု သိသာစွာ ပြောင်းလဲလာမှုနှင့်အတူ ရာသီဥတု ပူပြင်းလာခြင်း၊ မိုးရွာသွန်းမှုများ လျော့ကျလာခြင်းတို့ကြောင့် သီးနှံစိုက်ပျိုး ထုတ်လုပ် ရာတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် သီးနှံ မျိုးနှင့် နည်းစနစ်များ ပြောင်းလဲအသုံးပြုရန် လိုအပ်လာမှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်