ဂန့်ဂေါ  ၃၀  သြဂုတ် 


ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သြဂုတ် ၂၉ ရက် က စကားရည်လုပွဲ ပတ်လည်ပြိုင်ပွဲ စတင်ကျင်းပရာ အထက ဂန့်ဂေါနှင့် မြို့မ အထကတို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့ပေါ်ရှိ အထက်တန်းကျောင်း ၂ ကျောင်း နှင့် အလယ်တန်း ကျောင်း ၂ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲ ကြမည်ဖြစ်ကြောင်း သိရသည်။ 


“ လူငယ်တွေ စကားပြောစွမ်းရည်တိုးတက်စေရေး ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲကို ကျင်းပပေးတာပါ ၊ ဝါတွင်းဥပုသ်နေ့ ကျောင်းပိတ်ရက်တွေမှာ ပြိုင်ပွဲကျင်းပတာပါ၊ ပတ်လည်ပြိုင်ပွဲဖြစ်ပြီးတော့ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ် ” ဟု ခရိုင်ပြန်ဆက်ဦးစီးဌာန ဒုတိယဒုတိယဦးစီးမှူး ဒေါ်အေးအေး က ပြောသည်။ 


အဆိုပါ ပြိုင်ပွဲကို ငွေရှိဖို့ထက် ပညာရှိဖိုလိုတယ် ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း နှင့် ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများ ၊ စိတ်ပါဝင်စားသူများ ၁၀ဝ ကျော် တက်ရောက် အားပေးကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 


MDN