သံဖြူဇရပ် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စက်စဲကမ်းခြေ၌ တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ အေးချမ်းစွာ အပန်းဖြေ အနားယူသူ ပြည်သူများ များဖြင့် စည်ကားလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးထားပြီး ရပ်နီး၊ ရပ်ဝေးမှ စက်စဲကမ်းခြေသို့ လာရောက်အပန်းဖြေသူများ၊ ကမ်းခြေတွင် စက်ဘီစီး၊ မြင်းစီး၊ ဆိုင်ကယ်အပျော်စီးသူများ၊ ရေကစားကြသူများနှင့် မုန့်ဆိုင်၊ ကလေးကစားစရာ၊ အဝတ်အထည်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)


