လက်ပံတန်း   မေ    

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် Grade-9 အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ တက်ရောက် သင်ကြားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မေ ၆ ရက် နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အေးမြသာယာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှုဘာသာရပ်အတွက် (၁၂၀)ဦး၊ စိုက်ပျိုးရေး ဘာသာရပ်အတွက် (၄၀)ဦးနှင့်‌ မွေးမြူရေးဘာသာရပ်အတွက် (၄၀)ဦး ခေါ်ယူမည်ဖြစ်ရာ  မိမိတို့မြို့နယ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများအနေဖြင့် အဆိုပါ အသက်မွေးဝမ်းကျောင်းပညာ အထက်တန်းကျောင်းသို့ တက်ရောက်လိုသူများရှိပါက ကျောင်းအပ်နှံ တက်ရောက်နိုင်ရေးနှင့် ကျောင်းဝင်ခွင့်လျှောက်လွှာများကို မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် အခမဲ့ရယူနိုင်ပြီး၊ မေလ ၁၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက သင်ကြားပို့ချမည့် ဘာသာရပ်များ၊ ကျောင်းသုံးပစ္စည်းနှင့် ထောက်ပံ့မှုများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးဉာဏ်မြင့်က အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေးပညာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှိုင်ဝင်းစိုးက မွေးမြူရေးပညာရပ်များနှင့် ပတ်သက်၍ လည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြပြီး  တက်ရောက်လာသူများက ကျောင်းသင်ခန်းစာနှင့် တွဲဖက်သင်ကြားပေးမည့် ပညာရပ်များနှင့်ပတ်သက်၍ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ ကြသည်။

 

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ GTI ကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဌာနဆိုင်ရာများ၊  မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးနှင့် ကျောင်းအုပ် ဆရာဆရာမကြီးများ၊ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)