နေပြည်တော်  ၂  ဇွန်

 

နေပြည်တော် ကောင်စီနယ်မြေ အမှတ်(၈၄)စက်မှုလယ်ယာစခန်းမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော မြို့နယ်များမှ တောင်သူဦးကြီးများအား မိုးရွာသွန်းချိန် ရိတ်သိမ်းပြီး စပါးများ ခြောက်သွေ့စွာ သိုလှောင် နိုင်ရန် ၊ ရောင်းချရာတွင်လည်း အရည်အသွေးကောင်း စပါးရရှိရန်နှင့် သီးနှံပျက်စီးဆုံးရှုံးမှုမရှိစေရန် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၄) စက်မှု လယ်ယာစခန်း ပျဉ်းမနားမြို့မှ Hansung အမျိုးအစား Korea စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရသည်။

 

639

 

COVID -19 ရောဂါဖြစ်ပွားမှု အခြေအနေကာလအတွင်း အခက်အခဲများဖြစ်ပေါ်လျက်ရှိသော တောင်သူများ အတွက် မိမိစပါးတင်း အရေအတွက်အတိုင်း ဆီဘိုးသာကျခံ၍ အခြားစရိတ်များ လုံးဝမပေးရကြောင်း တောင်သူများအတွက် အဆင်ပြေကြောင်း ညောင်ပင်ကြီးစုရွာနေ တောင်သူ ဦးတင်ထွန်းမှ ဝမ်းမြောက်စွာပြောကြားပြီး၊ အမှတ်(၈၄) စက်မှုလယ်ယာစခန်း ပျဉ်းမနားမြို့အနေဖြင့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့နည်းစေရေးအတွက် ထယ်/ရိုတာ (၁)ဧကလျှင် ၁၃၀ဝ၀ နှုန်း၊ ရိတ်သိမ်း ခြွေလှေ့စက် (၁)ဧကလျှင် ငွေကျပ် ၃၅၀ဝ၀ နှုန်း၊ ကောက်စိုက်စက်(၁)ဧကလျှင် ငွေကျပ် ၂၅၀ဝ၀ နှုန်း တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ဦးစီးဌာနမှူး ဦးကျော်ဇင်လတ် ထံမှသိရသည်။

 

မင်းမင်းလတ်(မန်းတက္ကသိုလ်)