နေပြည်တော် ဖေဖော်ဝါရီ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်) သင်တန်းအမှတ်စဉ် (၂ /၂ဝ၂၃ -၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်း သားများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ စက်ပြင် အလုပ်ရုံ၊ သုတေ သနအလုပ်ရုံနှင့် အဖွဲ့အစည်းများမှ စက်မှုလယ်ယာ လက်ထောက်ညွှန် ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေပြီး လယ်ယာကဏ္ဍတွင် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် ယခုသင်တန်း၌ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပါဝင်သည့် စနစ်ကျလယ်ယာမြေများ တိုးတက်ဖော်ထုတ်အသုံးပြုနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သို လှောင်သည်အထိ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို နိုင်ငံ တော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များ ဝန်ကြီးဌာန၏ မူဝါဒ ရည်မှန်းချက်များနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံစုံမျိုးစေ့ချကိရိယာများ၊ အာလူးစိုက်စက်၊ အာလူးဖော်ကိရိယာနှင့် ရိုးပြတ်ဖြတ်ကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးဌာနမှူး၊ အလတ်စားစက်ပြင်အလုပ်ရုံမှူးများ အပါအဝင် သင်တန်းသား (၂၅)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၃ ရက်အထိဖွင့်လှစ်၍ စက်မှုလယ်ယာစနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ နည်းပညာမြင့် စက်ရိယာများ၏ အသုံးဝင်မှု၊ လယ်ယာလုပ်သားရှားပါးလာမှုကို ကျော်လွှားနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ ဥပဒေများ၊ ညွှန်ကြားချက်များကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်းပြီး လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်