စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

နေပြည်တော် ဇွန် ၃၀

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၇)ရှိ လျှိုပိတ်ဆည်အမှတ်(၉)၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်သည်။

 

စုပေါင်းသစ်ပင်စိုက်ပျိုး

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးကာ တာဝန်ရှိသူများနှင့်အတူ ဦးစီးဌာန/ စက်မှုလုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

 

စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယူကလစ်၊ ပျဉ်းမ၊ မန်ဂျန်းရှား၊ မန်ကျည်း၊ တမာ၊ ကုက္ကို၊ အုန်းပွား၊ ဖျောက်ဆိပ်၊ မဲဇလီ၊ ဗာဒံ၊ တည်၊ သရက်၊ ငှက်ပျော၊ ဒန့်သလွန်၊ ပိန္နဲ၊ စိန်ပန်း၊ ခရေ၊ သပြေ၊ ငုဝါ၊ ကံ့ကော်၊ သပြေဘူတ၊ ပေါက်ပန်းဖြူ၊ ချယ်ရီပင် စသည့်အပင်အမျိုးအစား ၃၅ မျိုး စုစုပေါင်း ၆၇၅၁ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်