စက်မှုနှင့်အသက်မွေးပညာရွှေ့လျားသင်တန်းဆင်းပွဲကျင်းပ

ကံမ  ၁၀  သြဂုတ်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် စက်မှုနှင့်အသက်မွေးပညာ ရွှေ့လျားသင်တန်း ဆင်းပွဲကို သြဂုတ် ၁၀ ရက်နေ့နံနက်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်း၍ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) မှတာဝန်ယူဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးမီးလင်းရေးကော်မတီဝင်များ၊ သင်တန်းနည်းပြဆရာများ နှင့်သင်တန်းသား ၈၄ ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် အခြေခံလျှပ်စစ်သွယ်တန်းမှု ပညာပေးဘာသာရပ်အား ရက်သတ္တပါတ်နှစ်ပါတ်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသားများ၏ အိမ်တွင်း လျှပ်စစ် သွယ်တန်းမှုအား လက်တွေ့သရုပ်ပြခဲ့ကြောင်း သတင်းရရှိသည်။

 

 မြို့နယ်(ပြန်/ဆက်)