လပွတ္တာ    ၉   အောက်တိုဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီး (ပုသိမ်) ကွပ်ကဲမှုအောက်ရှိ စက်မှုသင်တန်းကျောင်း(လပွတ္တာ)နှင့် အိမ်တွင်းမှုသင်တန်းကျောင်း (လပွတ္တာ)တွင် စက်မှု၊ လက်မှုသင်တန်းများကို နေထိုင်စားသောက်မှု၊ ပညာသင်ကြားမှုအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စက်မှုသင်တန်းကျောင်း(လပွတ္တာ) တွင် ၂၀၁၉ခုနှစ် အောက်တိုဘာ၂၉ ရက်မှ ၂၀၂၀ခုနှစ် မတ် ၂၆ ရက် အထိ လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများကို သင်တန်းသား (၆၀) ဖြင့် ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့တက်ရောက်လိုပါက အောက်တိုဘာ ၉ ရက်မှ ၂၇ ရက်အထိ လျှောက်ထားနိုင် ကြောင်းသိရသည်။

 

အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁)ကို အိမ်တွင်းမှုသင်တန်းကျောင်း (လပွတ္တာ)တွင် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၀ခုနှစ် မတ် ၁၃ ရက်နေ့အထိ  ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။      

 

တက်ရောက်လိုသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဦးသိန်းဦး (ဒုတိယညွှန်ကြားရေးမှူး) တိုင်းတာဝန်ခံ ဖုန်း ဝ၉ ၂၅၀၃၂၄၁၈၀၊ ဦးသူရနိုင် (အကြီးတန်း စာရေး) စုဆောင်းရေးမှူး ဖုန်း ဝ၉ ၄၂၂၅၃၂၀၄၉ နှင့် ဝ၉ ၇၈၀၄၁၆၂၁၆ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

သျှားထက်(ဓာတု)