နေပြည်တော်   ၂၅ မေ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြု ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ဧပြီ (၂၀) ရက်မှ မေ(၁၅) ရက်အထိ စစ်ဆေးစဉ်ကာလအတွင်း ယာယီအလုပ်ရပ်နားခဲ့ရသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအတွက် ရပ်နားထားရသည့် ရက်များအလိုက် လုပ်ခလစာများ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုး ခံစားခွင့်အဖြစ် စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။ 

 

Online မှလျှောက်ထားသည့် တောင်းခံလွှာများနှင့် မြို့နယ်ရုံးခွဲများမှ တစ်ဆင့်လျှောက်ထားသည့် တောင်းခံလွှာ များကို စိစစ်ခွင့်ပြုရေး ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ မေ (၂၄) ရက်အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန (၁၅၆) ဌာနမှ အာမခံအလုပ်သမား (၂၆,၃၀၅) ဦး အတွက် ငွေကျပ် (၅၅၉,၄၃၅,၈၀၅ ဒသမ ၆၉)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် တောင်းခံလွှာများကို လည်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်သည်။

 

သတင်းစဉ်