မြင်းခြံ ၁၈  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့တွင် စက်သုံးဆီ အရောင်းဆိုင်များရှိကြရာ စက်သုံး ဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် စနစ်တကျ မီးငြိမ်းသတ်နိုင်စေ ရန်အတွက် မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြသခြင်းကို ဖေဖော်ဝါရီလ (၁၈)ရက် ၊ နံနက်(၈)နာရီ အချိန်က "ကျော်" စက်သုံးဆီအရောင်းဆိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

963.

 

အဆိုပါ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် စနစ်တကျ မီးငြှိမ်းသတ်နိုင်စေရန်အတွက် မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က မီးလောင်မှု ဖြစ်ပွားမှု အကြောင်းများ ၊ မီးလောင်မှုဖြစ်ပွားလျှင် ကြောက်လန့်၍ ထွက်ပြေးခြင်းမပြုဘဲ ဝိုင်းဝန်းငြှိမ်းသတ် ကြရန်လိုကြောင်း ဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ငြှိမ်း သတ်ပြသခဲ့သည်။

 

ထို့နောက် စက်သုံးဆီအရောင်းဆိုင်များမှဝန်ထမ်းများကို မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြင်းခြံမြို့စက်သုံးဆီဖြန့်ဖြူး ရောင်းချသူများအသင်းမှ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့သို့ စက်သုံးဆီ ဒီဇယ်ဂါလန်(၂၀ဝ) အားပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

8520

 

စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် စနစ်တကျ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊စက်သုံးဆီ အရောင်းဆိုင်များမှ ပိုင်ရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)