ဖြူး မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီများ စနစ်တကျ ဖြန့်ခွဲနေမှု၊ တရားမဝင်ရောင်းချမှု ရှိ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းမှု ရှိ မရှိတို့ကို မတ် ၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက ဖြူးမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ မရှိ၊ စက်သုံးဆီများ သိုလှောင်ထားရှိမှုနှင့် ပြည်သူလူထုအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြည်သူများအား စက်သုံးဆီဝယ်ယူမှု အဆင်ပြေ စေရေးအတွက် သတ်မှတ်ရက်များအတိုင်း မောင်းနှင်အသုံးပြုစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


