ကြို့ပင်ကောက်၊   ၂၁   ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် စက်ရုံအလုပ်ရုံများ မီးဘေး ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး အမှတ်(၈၇)သစ်စက်၊ အမှတ်(၆၃)သစ်စက်တို့နှင့်၊ စက်သုံးဆီအရောင်ဆိုင်များတွင် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

mdn

 

မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုများအား ဖုံးအုပ်ငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ငြှိမ်းသတ် နည်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ပြီး စက်သုံးဆီဆိုင်များတွင်လည်း အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောပြသည်။

 

ပွင့်လင်းရာသီတွင် ကြို့ပင်ကောက်မြို့၌ မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီဆိုင် (၆)ဆိုင်နှင့် စက်ရုံအလုပ်ရုံများဖြစ်သော သစ်စက်တို့တွင် အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)