နေပြည်တော် မတ် ၈
မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးဖြစ်သည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ်ရေးဆွဲကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ယနေ့တွင် သင်္ဘောတင်သွင်းရောက်ရှိမှုအခြေအနေမှာ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော နှစ်စင်း၊ လမ်းခရီးတွင် သင်္ဘော လေးစင်း၊ ဆီတင်လျက်ရှိသည့် သင်္ဘော သုံးစင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော ငါးစင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


