၂၂ သြဂုတ်
တောင်ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့ “Oh My Girl” ဟာ အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုသစ်တွေကို လာမယ့် စက်တင်ဘာလအတွင်း ပရိသတ်ရှေ့အရောက်ပို့ဆောင်ပေးသွားဖို့ရာ စီစဉ်ထားကြောင်း လတ်တလောမှာတော့ ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ ဒဗလျူအမ်အန်တာတိန်းမန့်က အဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလအတွင်း တေး သီချင်းသစ်တစ်ပုဒ်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းနဲ့ ယင်းတေးသီချင်းမှာ အဖွဲ့ဝင်တွေအားလုံးပါဝင်ထားတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ တေးသီချင်းသစ်အတွက် တေးဗီဒီယိုကိုလည်း ရိုက်ကူးပြီးစီးသွားပြီဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
“ Oh My Girl” ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း “ Oh My Girl Banhana” တေးသီချင်းကို နောက်ဆုံးအနေနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပေမယ့် အဖွဲ့ရဲ့ ငါးခုမြောက် မီနီတေးအယ်လ်ဘမ် “Secret Garden” ကို ထုတ်လွှင့်ခဲ့ပြီးနောက် ရှစ်လအကြာမှ ယခုလို တေးသီချင်းသစ်နဲ့ ပရိသတ်တွေရှေ့အရောက်ပြန်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်