မင်းဘူး ၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စကုမြို့တွင်း ရေဝင်ရောက်၍ ခေတ္တပြောင်းရွေ့ နေထိုင်သူများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့အုပ်ချုပ်ရေးမှူးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စကုမြို့အတွင်း ဩဂုတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နေအိမ်များ အတွင်းသို့ လက်တိုချောင်း၊ သားမွေးချောင်း နှင့် နွားကူးချောင်းများမှ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ခေတ္တပြောင်းရွေ့နေကြသော စကုမြို့၊ အမှတ်(၂) ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် တို့မှ အိမ်ထောင်စု(၈၈)စု၊ လူဉီးရေ ၃၄၆ ဉီး တို့အတွက် လူတစ်ဉီးလျှင် ၂၁၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၂၆၆၀ဝ ကို လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဉီးစီးဌာန တာဝန်ရှိသူမှ စကုမြို့အုပ်ချုပ်ရေးမှူးဉီးကြည်မင်းထံသို့ လာရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စကုမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


