စက်ယန္တရားတွေ အများကြီးနဲ့ ကြိုးကြိုးစားစားလုပ်နေတာ မြင်ရပါတယ်

မောင်တော ၆ ဖေဖော်ဝါရီ

ဒီစီမံကိန်းမှာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မမြင်ဘူးတဲ့ စက်ယန္တရားတွေ အများကြီးပါ၊ လုပ်ငန်းဆောင်ရွက်တာလည်း ကြိုးကြိုးစားစားလုပ်နေတာ မြင်ရပါတယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ကျောင်းအုပ်ဆရာ ဦးမောင်စံသိန်းက ပြောသည်။

 

 

“ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်၊ ကျွန်တော် ဒီမှာ တာဝန်ထမ်းဆောင်တဲ့ နှစ်နှစ်တာကာလအတွင်းမှာ လမ်းကပျက်နေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်၊ ဒီလိုခက်ခဲတော့ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ မလွယ်ပါဘူး၊ အခု အေးရှားဝေါလ်က လမ်းကောင်းမွန်ရေးအတွက် တာဝန်ယူဆောင်ရွက်နေတာ တွေ့ရပါတယ်၊ အခု စီမံကိန်းမှာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မမြင်ဘူးတဲ့ စက်ယန္တရားတွေ အများကြီးပါ၊ လုပ်ငန်းဆောင်ရွက်တာလည်း ကြိုးကြိုးစားစားလုပ်နေတာ မြင်ရပါတယ်၊ ဒီလမ်းသာပြီးသွားမယ်ဆိုရင် ပြည်သူလူထုတွေဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်ကလုံခြုံပြီး တိုးတက်လာမယ်လို့ မြင်မိပါတယ်”ဟု ဦးမောင်စံသိန်းက ပြောသည်။

MDN