ပင်လောင်း စက်တင်ဘာ ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ Clean And Green City ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အရှေ့ရပ်ကွက်၊ အောင်မေတ္တာလမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

 

Clean And Green City ဖွံ့ဖြိုးရေး စီမံကိန်းအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ဒသမ ၁၇၅ သန်း ခွဲဝေချထားပေးခဲ့ပြီး ပြည်သူလူထုမှ လုပ်အား ထည့်၀င်၍ ယခင် မြေသားလမ်းအား အရှည် ပေ ၄၅၀ ပေ၊ အကျယ် ၁၅ ပေနှင့် အထူ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ထွန်းလင်း(ပင်လောင်း)

 

mdn