စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲက တက်ရောက်အားပေးခဲ့တဲ့ အဒဲလ်

၈ ဇူလိုင်

 


ဗြိတိန်ပေါ့ပ်ကြယ်ပွင့်  အဒဲလ်ဟာ လတ်တလောမှာ  ပြုလုပ်ခဲ့တဲ့  တေးသံရှင်စလင်းဒီယွန်ရဲ့  ဖျော်ဖြေပွဲကို  တက်ရောက်အားပေးခဲ့တာကို တွေ့ရပါတယ်။ ဒီဖျော်ဖြေပွဲကို အဒဲလ်ဟာ  ယောကျာ်းလေးသူငယ်ချင်းတစ်ဦးရဲ့ လက်ကိုတွဲကာ တက်ရောက်ခဲ့တာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဇူလိုင် ၆ ရက်က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲကို အဒဲလ်တက်ရောက်အားပေးခဲ့တာပါ။ သူဟာ သူငယ်ချင်းဖြစ်သူ ပေါဒရေတန်ရဲ့လက်ကိုတွဲကာ အခမ်းအနားပြုလုပ်ရာကို  လျှောက်လှမ်းလာခဲ့တာကိုလည်း တွေ့ရပါတယ်။ ဂရမ်မီဆုရှင် တေးသံရှင်အဒဲလ်ဟာ မကြာသေးမီက ခင်ပွန်း ဖြစ်သူ ဆိုင်မွန်ကော်နက်စ်ကီနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

 

အေးပြည့်