စလင်း ၂၇ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြို့မဈေးတွင် ယနေ့မွန်းလွဲပိုင်းက (COVID-19) ကူးစက်ရောဂါ ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် အသား၊ ငါး ရောင်းချသော ဈေးဆိုင်များအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့သည်။
စလင်းမြို့ မြို့မဈေး၌ မွန်းလွဲ ၂ နာရီနှင့် ဆင်ဖြူကျွန်းမြို့ မြို့မဈေး၌ မွန်းလွဲ ၃ နာရီခွဲတွင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးအေးကိုတို့ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဒေသခံပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန် ရည်ရွယ်၍ ဈေးအတွင်းရှိ အသား၊ ငါး ရောင်းချလျက်ရှိသော ဆိုင်ခန်းများအား ပိုးသတ်ဆေးများဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


