စလင်း ၂၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး စလင်းမြို့ မြင်တင်ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီက ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာ ဖွင့်လှစ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာတွင် အသက်(၇၀)ပြည့်ပြီးသော ခိုကိုးရာမဲ့ဖြစ်ပြီး မိမိအသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်တိုင်အလုပ်လုပ်ကိုင် စားသောက်ခြင်း၊ နေထိုင်ခြင်း မပြုနိုင်သော အဘိုးအဘွားများကို ရိပ်သာတွင် စောင့်ရှောက်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ဘိုးဘွားရိပ်သာကို ဦးစိုးဝင်း+ဒေါ်ရေး မိသားစုမှ လှူဒါန်းသော မြေပေါ်တွင် စင်ကာပူရောက် စလင်းလူငယ်အဖွဲ့၏ မတည်ငွေ၊ အများစုပေါင်းလှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာသို့ သတ်မှတ်စည်းကမ်းချက်များနှင့် ပြည့်စုံသော အဘိုး၊ အဘွားများအား စတင်လက်ခံ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးသန်းမြင့် (မြို့နယ် ပြန်/ဆက်)