စလင်း  ၁၉   ဧပြီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကြက်သကိုင်ကျေးရွာတွင် ကျေးလက် နေတောင်သူများ၏ လယ်ယာမြေ ဧက၈၀ဝမှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိ စေရေး ရည်ရွယ်ဖောက်လုပ်ခဲ့သည့် ကြက်သကိုင်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ တံတားနှစ်စင်း တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

2526

 

အဆိုပါ ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်း မှာ လမ်းအရှည် ပေ ၃၉၆၀ အကျယ် ၁၂ပေ ထု ၉လက်မ မြေနီကျောက်စရစ် လမ်းခင်းခြင်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ အရှည် ၁၈ပေ အကျယ် ၅ပေ အမြင့် ၆ ပေရှိ Box Culvert တံတားတစ်စင်း၊ အရှည် ၁၄ ပေ အကျယ် ၉ ပေ အမြင့် ၆ ပေရှိ Box Culvert တံတား တစ်စင်းတို့ကို စလင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉ ဒသမ ၆၂၄ သန်းဖြင့် တင်ဒါအောင်မြင်သော Home Sweet Home ကုမ္ပဏီမှ ၂၀၁၉ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြသည်။

 

1

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို  တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက် ရှိကြောင်း၊ ယခု ကြက်သကိုင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ လယ်ယာမြေ ဧက ၈၀ဝ မှ လယ်ယာထွက်ကုန်များဈေးကွက် သို့အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ဆက်လက် ပြောပြ သည်။

 

ငြိမ်းသူ(စလင်း)