စလင်း ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ကိုးရီးယားသမ္မတနိုင်ငံ Climate change center ၏ အစီအစဉ်ဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စလင်းမြို့နယ် သရက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇) စုအတွက် စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲပိုင်းက ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်း၌ ဖြန့်ဝေခဲ့သည်။
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကိုးရီးယားသမ္မတနိုင်ငံ Climate change center ၏အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖိုအလုံး ၄၈၀၀ အား ကျေးရွာပေါင်း ၂၆ ရွာရှိ အိမ်ထောင်စုများအတွက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီး စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ အိမ်ထောင်စု (၂၇၇)အိမ်ထောင်အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ပညာပေးဟောပြောခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကျေးရွာပြည်သူလူထုအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောစိုက်ခင်းများနှင့် သဘာဝတောများကို ပြုန်းတီးမှုမဖြစ်အောင် ဝိုင်းဝန်းကူညီထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် သစ်တောများ မပြုန်းတီးမှ ရာသီဥတုမှန်ကန်ပြီး ပြည်သူများ၏ စားဝတ်နေရေးအလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)