စလင်း မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာ လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ မတ် ၁၅ ရက်က အိမ်တစ်လုံးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် အိမ်အလုံး ၁၀၀ အတွက် အမိုးအကာများတွင် လိုအပ်သလို အသုံးပြုကြရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့ဖြင့် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှစ်စဉ် မိုးဦးကျ လေဦးကျ၌ နှစ်စဉ်ဆောင်ရွက်ပေးခဲ့ရာ ယခုနှစ်တွင် စလင်းမြို့နယ်မှ ကျွန်းရင်းကျေးရွာအုပ်စု၊ ကျောက်စစ်ကျေးရွာမှ အိမ်အလုံး(၅၀)နှင့် ဝန်ရအုပ်စု၊ ခင်မလူကျေးရွာမှ အိမ်အလုံး(၅၀) တို့အတွက် ကျေးလက်နေ ဆင်းရဲနွမ်းပါး ပြည်သူလူထုအား လေဘေးကြိုတင်ကာကွယ်ရေးသုံး ခွင့်ပြုငွေ အိမ်အလုံး(၁၀၀)အတွက် အိမ်တစ်လုံးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ်ဖြင့် လူနေအိမ်များ ပျက်စီးလျော့နည်းစေရန်၊ လေပြင်းတိုက်ခတ်မှု ဘေးဒဏ်နှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အသိပညာများ တိုးပွားလာစေရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
အိမ်ပြင်ဆင်စရိတ်အဖြစ် မျောတိုင်၊ ဝါး၊ အမိုးအကာများကို ဝယ်ယူ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ကေသွယ်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိင်္ဂီအေး၊ မြို့နယ်မီးသတ်ဌာနမှ မီးသတ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ကွင်းဆင်းကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာနရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


