စလင်း  ၂  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်း​ကျောင်းအထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ဇွန် ၁ ရက်က မြောင်းကောက်ကျေးရွာအုပ်စု၊ မြောင်းကောက် ကျေးရွာတွင် လက်သမား/ပန်းရံ သင်တန်းဖွင့်ပွဲအား အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊ မိမိတို့ဌာနမှ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့ အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ကွန်ကရစ်ဖျော်စပ်နည်းများနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား စာတွေ့/လက်တွေ့ သင်ကြားသွားမှာဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အထွေး