စလင်း နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမဆောင်၌ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စလင်းမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး သီးနှံပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအား ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
စလင်းမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်အထိ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် တောင်သူများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများအား သီးနှံ တစ်ဧကလျှင် ၀ ဒသမ ၄၇၄ အိတ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။ သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပွားသည့် ကျေးရွာများဖြစ်သည့် တောင်ကန်ကျေးရွာအုပ်စုနှင့် ရွှေဇံသီးကျေးရွာများမှ တောင်သူ ၅၈ ဦး၊ ကွင်း လေးကွင်းနှင့် ဦးပိုင် ၆၁ ရှိ မိုးစပါးစိုက်ပျိုးပျက်စီးဧက ၇၇ ဧကတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မောင်လွင်(စလင်း)


