စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဦးစီးဌာနမှ Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ ဝတ်စုံတစ်စုံစီနှင့် ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်၊ ခဲတံများ အခမဲ့ထုတ်ပေး

စလင်း မတ် ၉

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ယမန်‌နေ့ နံနက် ၉ နာရီခွဲက စလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခက်အခဲမရှိ ကျောင်းအပ်နှံ ပညာသင်ကြားနိုင်ကြားစေရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြစေရန် ရည်ရွယ်၍ အခမဲ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထုတ်ပေးလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံတစ်စုံစီ၊ ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံတို့အား မြို့နယ်ပညာရေးမှူးရုံးမှ စာရေးဝန်ထမ်းများက ကျေးရွာအုပ်စုများရှိ ကျောင်းများအလိုက်၊ အုပ်စုများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်နှုန်းများဖြင့် စည်းကမ်းတကျ စာရင်းများပြုစု၍ ထုတ်ဝေပေးနေမှုများကို မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသုံးဖတ်စာစာအုပ်များကိုလည်း ထပ်မံထုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)