စလင်း၊ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအားလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စည်သူခန်းမဆောင်၌ ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ ကျန်ရှိ နေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၇)အုပ်စုတို့မှ သက်ကြီးဘိုးဘွား(၃၅၇)ဦး အတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)


