စလင်း မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး၏ အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းအများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေ ၁၁ ရက်က စလင်းမြို့အဝင် ရဲစခန်းအနီးနှင့် မြို့မစည်ပင်သာယာပန်းခြံအဝင်တို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်သူ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စလင်းမြို့နယ် ရဲစခန်းအနီးနှင့် စလင်းစည်ပင်သာယာ ပန်းခြံအဝင်တို့တွင် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)