စလင်း  ၁၄   မေ

 

မကွေးတိုင်းဒေသကြီး၊  စလင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်ခန့်က လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၅ မိနစ်အချိန်ခန့်က ဥသျှစ်ကုန်းကျေးရွာနေ အိမ်ရှင်ဦးသိန်းမောင် အသက်(၈၂)နှစ်၏ နေအိမ်တွင် လျှပ်စစ်ရေးနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး လူနေအိမ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်နေရာသို့ စလင်းမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဉီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တညောင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ကျေးရွာနေပြည်သူလူထုများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာနံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် အိမ်ရှင်ဦးသိန်းမောင်၏နေအိမ် (၂၁ × ၁၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၂)ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့၍ မီးဘေးသင့်ပြည်သူ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦးအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် နေထိုင်လျက်ရှိကာ လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရပြီး မီးပေါ့ဆစွာ သုံးစွဲသောအိမ်ရှင်အား တညောင်နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးမိုးသူ( စလင်း)