စလင်း ၂၈ ဖေဖေါ်ဝါရီ


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဉီးစီး ဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ်အားကစားလူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

a

 


စလင်းမြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနအနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ဘတ်စကတ်ဘော၊ အလေးမ စသည့်အားကစားနည်း(၈)မျိုး အား အခြေခံကစားနည်းမှစ၍ မတ်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့ထိ စလင်းမြို့ မြို့မဘောလုံးအားကစားကွင်း နှင့် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ် အား/ကာဉီးစီးဌာနရုံးထံဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။


စိုးမိုးသူ(စလင်း)