စလင်း  နိုဝင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက စလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး သီးနှံပျက်စီးဆုံးရှုံးသွား သည့် တောင်သူများအား ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စလင်းမြို့နယ်အတွင်း စက်တင်ဘာ ၁၅ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် တောင်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများအား သီးနှံတစ်ဧကလျှင် (၀.၄၇၄)အိတ်နှုန်းဖြင့် ထောက်ပံ့ပေး အပ်ခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းဇော်၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဆန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကျေးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များနှင့် သက်ဆိုင်ရာကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ သီးနှံပျက်စီး ဆုံးရှုံးမှုဖြစ်ပွားသည့် ကျေးရွာများဖြစ်သည့် တောင်ကန်ကျေးရွာအုပ်စုနှင့် ရွှေဇံသီးကျေးရွာများမှ တောင်သူ ၅၈ ဦး၊ ကွင်း(၄)ကွင်းနှင့် ဦးပိုင် ၆၁ ရှိ မိုးစပါးစိုက်ပျိုးပျက်စီးဧက ၇၇ ဧကတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)