စလင်း   ၁၀   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီချိန်တွင် သဘာဝမြေဩဇာ အသုံးပြု စံပြစိုက်ခင်းစိုက်ပျိုးရန်အတွက် ဆွေးမြည့်လွယ်သော စပါးဘေးထွက် ပစ္စည်းများနှင့် တိရိစ္ဆာန်စွန့်ပစ်အညစ်အကြေးများ အသုံးပြု၍ သဘာဝ မြေဆွေးကျင်းများ ပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။

 

36

 

ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်သီးစား၊ နှစ်သီးစားသာမက သီးထပ် သီးညှပ် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး တစ်ဧကအထွက်တိုးစေရန်အတွက် ဓါတုဓါတ်မြေဩဇာများကို တွင်ကျယ်စွာအသုံးပြုလာကြသည်။

 

5689

 

ဓါတုဓါတ်မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓါတုဓါတ်ကြွင်းကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများကိုလည်း နောက်ဆက်တွဲ အနေဖြင့်ခံစားကြရသည်။

 

ထိုကြောင့် ၎င်းကောင်းပြဿနာများကို ကုစာဖြေရှင်းပေးနိုင်သည့်နည်းလမ်းကောင်းတစ်ခုအနေဖြင့် သဘာဝ မြေဆွေးပြုလုပ်သုံးစွဲလာစေရန်နှင့် တောင်သူများအား အသိပညာပေး သဘာဝမြေဩဇာ အသုံးပြုစံပြ စိုက်ခင်းကွင်းသရုပ်ပြသခြင်းများ ဆောင်ရွက်ရန်အတွက် သဘာဝမြေဆွေးကျင်းများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

12

 

"မြေဆွေးကျင်း ပြုလုပ်ရာတွင် နွေရာသီအရိပ်ကောင်းစွာရ၍ ရေမဝပ်သောနေရာရွှေးပြီး အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေရှိ ခြံတစ်ခုပြုလုပ်ပါတယ်၊  ဉီးစွာစဉ်းထားသောကောက်ရိုးကို အောက်ခံ ၆ လက်မအမြင့်ဖြန့်ခင်းကာ နွားချေးကို တင်းတောင်းတစ်တောင်းဖြူးပေးပါတယ်၊ နောက် အဏုဇိဝ ဖျော်ရည် (EM) ၁ လီတာ၊ တင်လဲရည် ၄ လီတာ၊ ရေ ၉၅ လီတာအချိုးကျရောစပ်၍ ဖြန်းပေးပါတယ် ထိုနည်းအတိုင်း ကျင်းပြည့်သည့်အထိ ၆ လွှာပြုလုပ်ရခြင်းဖြစ်ပါတယ်၊ ပြုလုပ်ပြီးမြေဆွေးကျင်းကို လေလုံအောင်ထား၍ အစိုဓါတ်မပျက်စေရန် ၁၅ ရက်တစ်ကြိမ် ရေဖြန်းပေးပြီး ရက် ၉၀ ပြည့်ရင်တော့ အသုံးပြုလို့ရတဲ့ သဘာဝမြေဆွေး ရရှိမှာဖြစ်ကြောင်း" မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဉီးမြင့်လင်းမှ ရှင်းပြသည်။

 

421

 

မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနအနေဖြင့် သဘာဝမြေဆွေးကျင်း ၅၀ ကျင်းအထိပြုလုပ်ထားပြီး ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီချိန်တွင်  သဘာဝမြေဩဇာ အသုံးပြုစံပြစိုက်ခင်းစိုက်ပျိုးရာတွင် အသုံးပြု၍ တောင်သူ အသိပညာပေး ကွင်းသရုပ်ပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးသူ( စလင်း)

 

45