စလင်း  ၁၂  မေ

 

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဖက်ဌာန ဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက စလင်းမြို့ မင်းအာကာကိုးဆောင်တိုက်ကျောင်းဝန်းအတွင်းရှိ ယာယီဈေးအတွင်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးသူအများပြည်သူဘေးအန္တရာယ်ဖြစ်စေမည့် တားမြစ်ထားသော စားသောက်ကုန်များ ရောင်းချခြင်းမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုမရှိသည့် စားသောက်ကုန်(၈)မျိုးအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရသော စားသောက်ကုန်များကိုသာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ခွင့်မပြုဓါတုဆေးဝါးများ အလွန်အကျွံ သုံးစွဲထားသောစားသောက်ကုန်များ၊ သက်တမ်းလွန်အစားအစားများနှင့် ထုတ်ကုန်လုံခြုံ စိတ်ချမှုမရှိသည့် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး ဈေးသည်များအား အသိပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဆန်းလင်းမောင်ထံမှ သိရသည်။

 

စိုးမိုးသူ(စလင်း)