စလင်း ၁ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ရွှေတွင်းတူးကျေးရွာအနီးရှိ စလင်းရေလှောင်တမံနှင့် ဂွင်ကျင်းကျေးရွာအနီးရှိ တက်တူ ရေလှောင်တမံတို့တွင် ယမန်နေ့က သဘာဝငါးမျိုး ပြုန်းတီးခြင်းမှ ကာကွယ်ရန်နှင့် ငါးသယံဇာတ တိုးပွားစေရန် ရည်ရွယ်၍ ငါးသားပေါက်ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဉီးတာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဉီးဝင်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးသက်ခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ စလင်းရေလှောင်တမံတွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁ သိန်း ၅ သောင်းနှင့် တက်တူရေလှောင်တမံတွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၅ သောင်းတို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(ပြန်/ဆက်)


