စလင်း ၁၀ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းချောင်းတွင် တည်ဆောက်ထားသည့် စလင်းရေလှောင်တမံရှိ ရေပိုလွှဲပျက်စီးနေမှုကို ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြင်ဆင်ခဲ့သည်။

 

20

 

ထိုစလင်းရေလှောင်တမံကို ၂၀ဝ၁-၂၀ဝ၂ ခုနှစ်က အပြီးတည်ဆောက်ထားခြင်းဖြစ်ပြီး ရေလှောင်တမံမှာ ကန်ရေပြည့် ရေလှောင်ပမာဏ ဧက ၁၃၃၀ဝ၀ ရှိသည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး ပေ ၄၀ဝ ကျယ်ဝန်းသည်။ ထိုရေပိုလွှဲသည် ၂၀၁၈ ခုနှစ် မိုးရာသီတွင် ရေလျှံကျခဲ့စဉ်က ပျက်စီးသွားခြင်း ဖြစ်ရာ ၂၀၁၉ခုနှစ် အတွင်း ရေလှောင်တမံ၌ ရေသိုလှောင်နိုင်ခြင်း မရှိခဲ့ပေ။ ယခုအခါ ပျက်စီးသွားသော ရေပိုလွှဲအား ခွင့်ပြုငွေကျပ် သိန်းပေါင်း ၃၅၄၀ဝ အကုန်ကျခံ၍ ဆည်မြောင်း(တည်ဆောက်ရေး)က မိုးမကျမီ ပြီးစီးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ ၎င်းရေ ပိုလွှဲ ပြုပြင်ပြီးပါက စလင်းရေလှောင်တမံ၌ ရေသိုလှောင်နိုင်မည်ဖြစ်ပြီး ဆည်ရေသောက် ဧရိယာဧက ၃၃၀ဝ၀ အား ရေပေးဝေနိုင်မည်ဖြစ်သည်။

 

585

 

ရေပိုလွှဲအချိန်မီပြီးစီးနိုင်ရန်အတွက် လူအင်အား ၁၅၀ကျော်နှင့် စက်ယန္တရားကြီးများဖြင့် နေ့ညမပျက် ပြုပြင်တည်ဆောက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ ဦးစိုးမင်းနိုင် (SAE) (မကွေး)၏ ပြောပြချက်အရ သိရသည်။

 

123

 

မောင်လွင်(ပြန်/ဆက်)