ယခုအချိန်အခါတွင် IT နည်းပညာ တိုးတက်လာသည်နှင့် အမျှ အဖွဲ့အစည်းအသီးသီးက အကျိုးအမြတ် များများ ရရှိရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် IT ပိုင်းဆိုင်ရာအတွက် ကုန်ကျစရိတ်များ သက်သာလာစေရန် ခေတ်နှင့်အညီ Cloud နည်းပညာကို အားထားလာကြပါသည်။ Cloud Computing နည်းပညာများ စတင်ခေတ်စားလာသည်မှာ ၂၀ ရာစုနောက်ပိုင်းကာလများတွင်ဖြစ်ပြီး IBMI Amazon Google Microsoft အစရှိသည့် ကုမ္ပဏီများက စတင် လာခဲ့ကြောင်း သိရသည်။ Cloud Computing နည်းပညာသည် အင်တာနက်အသုံးပြု၍ မိမိတို့၏ အချက်အလက် ဒေတာများ သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တွင် အလွယ်တကူ ပြန်လည်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ Application များ အသုံးပြုမည်ဆိုပါကလည်း Cloudbased Application များစွာကိုလည်း လွယ်လင့်တကူ အသုံးပြုနိုင်ခြင်းနှင့် ထိုအချက်အလက် ဒေတာများ၊ Application များကို အင်တာနက်ရရုံဖြင့် နေရာတိုင်းမှ ရယူအသုံးပြုနိုင်ခြင်းဟု အကြမ်းဖျင်း သတ်မှတ်နိုင်ပါသည်။ အသုံးပြုသူများအနေဖြင့် အင်တာနက် နက်ဝက်ဘ်မှ တစ်ဆင့် servers၊ storage and applications စသည့် services များကို အချိန်မရွေး၊ နေရာမရွေး အသုံးပြုနိုင် သည့် Internet-based computing ဖြစ်သည်။
Cloud Computing စနစ် လုပ်ဆောင်မှု
Cloud Computing System သည် အသုံးပြုသူ၏ အချက်အလက်များကို အသုံးပြုသူ၏ ကွန်ပျူတာများတွင် မသိမ်းဆည်းဘဲ internet servers များပေါ်တွင် သိမ်းဆည်းသည်။ အသုံးပြုသူအနေဖြင့် browser ကဲ့သို့သော tools များကို အသုံးပြုကာ မိမိတို့၏ အချက်အလက်များကို ရယူအသုံးပြုခြင်း၊ ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်းတို့ ပြုလုပ်နိုင်သည်။ ထိုသို့အသုံးပြုခြင်းအားဖြင့် Client device များအတွက် storage computing စသည့် လိုအပ်ချက်များကို လျှော့ချနိုင်သည်။ Cloud storage ဆိုသည်မှာ ဒေတာများကို သိမ်းဆည်းရာတွင် logical storage pools တည်ဆောက်သိမ်းဆည်းသည့် computer data storage ဖြစ်သည့်အပြင် Web Based Application Based များအဖြစ်လည်း အသုံးပြုနိုင်သည့်အတွက် အဆိုပါ Cloud များပေါ်တွင် ကွန်ပျူတာတစ်လုံး၊ Application ကဲ့သို့ အသုံးပြုနိုင်ခြင်းပင် ဖြစ်ပါသည်။
Cloud တည်ဆောက်ခြင်း
Cloud Computing တည်ဆောက်ရန် အဓိက လိုအပ်ချက်အနေဖြင့် Storage၊ Computing နှင့် Networking ဟူသည့် သုံးချက်ကို အခြေခံစဉ်းစားရန် လိုသည်။
Storage
အသုံးပြုသူများအနေဖြင့် မိမိတို့အသုံးပြုသိမ်းဆည်း လိုသည့် အချက်အလက် များကို အင်တာနက် နက်ဝက်ခ်မှတစ်ဆင့် Cloud service ၏ remote server များတွင် သိမ်းဆည်းနိုင်ရန်အတွက် Storage ပိုင်းသည် အရေးကြီးသည်။
Computing
အဓိကအားဖြင့် အင်တာနက်ကိုအသုံးပြုပြီး hardware နှင့် software များကို share ခြင်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် Computing သည်လည်း ထည့်သွင်း စဉ်းစားရမည့်အချက်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မည်သည့်မြန်နှုန်းဖြင့်အသုံးပြုမည်၊ မည်သည့် device ကို အသုံးပြုမည်။ မည်သည့် application ကို အသုံးပြုမည် စသည်တို့သည် Computing ကဏ္ဍအောက်တွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
Networking
Networking သည် Cloud Computing အတွက် မဖြစ်မနေလိုအပ်သော အခြေခံအချက်ဖြစ်ကြောင်း မြင်သာ နိုင်ပါသည်။ အင်တာနက်ကဲ့သို့သော online service များ အတွက်သာမက cloud provider များအတွက် မတူညီသော device များ၊ application များကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ဆောင်မှုပေးရန်အတွက် Networking infrastructure သည် မဖြစ်မနေလိုအပ်သည့် အခြေခံလိုအပ်ချက် ဖြစ်သည်။
Cloud ဝန်ဆောင်မှုများ Cloud Technology အနေဖြင့် laaS (Infrastructure as a Service) PaaS(Platform as a Service) SaaS (Software as a Service) အဓိကဝန်ဆောင်မှုပုံစံ သုံးမျိုးတွေ့နိုင်သည်။
laas (Infrastructure as a Service) model တွင် သုံးစွဲသူများ အင်တာနက်ချိတ်ဆက်မှုရှိရုံဖြင့် မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် အချက်အလက်သိမ်းဆည်းနိုင်မည့်နေရာ (storage location) များ၊ network ကွန်ရက်များကို ကိုယ်ပိုင် Hardware များ၊ Network device များ တည်ဆောက်ရန် မလိုအပ်ဘဲ မိမိတို့၏ ကိုယ်ပိုင် Infrastructure များကဲ့သို့ လိုအပ်သလောက်ကို စိတ်ကြိုက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
PaaS (Platform as a Service) သည် သုံးစွဲသည့်၊ ဖုန်းအမျိုးအစား၊ ကွန်ပျူတာအမျိုးအစား ဥပမာ Andriod, ios) o platform များ ကွဲပြားနေသော်လည်း အလွယ်တကူ မိမိလိုအပ်သောပုံစံ ပြောင်းယူနိုင်သည့် အခြေခံ platform တစ်ခုကို တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။ Operating System များမတူဘဲ သုံးစွဲသူ အမျိုးမျိုး အဆင်ပြေကာ ဈေးကွက်ကို မြန်မြန်ထိုးဖောက်နိုင်မည့် Web development ကဲ့သို့သော service များကို PaaS ၊ အရောင်းသမားတွေက တာဝန်ယူဆောင်ရွက်ပါသည်။ PaaS (Platform as a Service) model တွင် VMware သည် ထင်ရှားကျော်ကြားသော cloud technology ဖြစ်ပါသည်။ မတူညီသည့် electronic device များကို သုံးစွဲပြီး တူညီသည့် အလုပ်တစ်ခုကို အတူတကွ လုပ်ကိုင်လာနိုင်ကြပါသည်။ တစ်ဦးက PC ဖြင့် ရုံးမှာ ထိုင်နေပြီး တခြား တစ်ဦးကလမ်းလျှောက်ရင်း၊ mobile phone အသုံးပြုကာ နှစ်ဦးစလုံးဆက်သွယ်ရင်း လုပ်ငန်းကိစ္စများကို ပြောဆို ဆွေးနွေးလာနိုင်ခြင်းဖြစ်သည်။
SaaS (Software as a Service) model သည် အသုံးပြုသူများ အလွယ်တကူသုံးစွဲနိုင်ရန် ဖန်တီးထားသော application များအဖြစ် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုပုံစံမှ တိုးတက်လာပြီး ဖေ့စ်ဘွတ်၊ ဂျီမေးလ် အစရှိသည့် social media များ တိုးတက်များပြားလာမှုနှင့်အတူ SaaS မှ CaaS (Communication as a Service) အဖြစ် တိုးတက်ခေါ်ဆိုလာကြကြောင်း သိရှိရပါသည်။ SaaS model တွင် အလကားသုံးနိုင်သော ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများကို ဆွဲဆောင်ပြီး နှစ်သက် ပါက ပိုမိုသည့် ဝန်ဆောင်မှုများကို အခကြေးငွေပေးချေကာ ထပ်မံဝယ်ယူနိုင်ပါသည်။ ဥပမာ Google service တွင် google account တစ်ခုရှိရုံဖြင့် Google ဝန်ဆောင်မှု အမျိုးမျိုးကို သုံးစွဲနိုင်ရန် ဖန်တီးထားသည်ကို တွေ့ရှိရပါသည်။
Cloud စနစ်၏ Deployment Model အောက်တွင် Public cloud Private cloud နှင့် Hybridge cloud a သတ်မှတ်ထားသည်။
Public Cloud
Public cloud သည် cloud အသုံးပြုသူ customers များအတွက် လိုအပ်သည့် cloud service pro cloud provider မှ အားလုံးတာဝန်ယူဆောင်ရွက်ပေးရသော အမျိုးအစားဖြစ်သည်။ Public cloud ဆိုသည်မှာ Cloud Service ပေးသူ Providers ကပြုလုပ်ထားသည့် Network Application၊ Storage အစရှိသည့် Resources များကို အားလုံးအသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည့်ပုံစံ ဖြစ်ပါသည်။ မည်သူမဆိုအသုံးပြုနိုင်သည်။ အထင်ရှားဆုံးမှာ Google apps များဖြစ်ပြီး Gmail Google drive အစရှိ သည်တို့ပင် ဖြစ်ပါသည်။ Public cloud အားနည်းချက်မှာ Cloud Provider နှင့် Cloud user များအကြား လုံခြုံရေးနှင့်ပတ်သက်သည့် policy and standard များ မတူညီမှုပင် ဖြစ်သည်။ ထို့ကြောင့် နာမည်ကြီး Company များ၊ အစိုးရအဖွဲ့အစည်းများနှင့် လုံခြုံရေးဦးစားပေး အဖွဲ့ အစည်းများအနေဖြင့် အသုံးပြုလေ့မရှိကြပေ။
Private Cloud
Private cloud ဟူသည်မှာ အဖွဲ့အစည်းတစ်ခုမှ ကိုယ်ပိုင် IT infrastructure တည်ဆောက်ကာ IT များ ဆောင်ရွက်သည့် cloud computing model ဖြစ်သည်။ အရင်းအမြစ်များကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲလေ့ရှိကြသည်။ Virtual Private Cloud (VPC) ဟုလည်း ခေါ်ဆိုကြသည်။ private cloud သည် အခြားမည်သည့် အဖွဲ့အစည်းနှင့်မျှ share အသုံးပြုခြင်း မရှိဘဲ မိမိတစ်ဦးတည်း အသုံးပြုရန်ရည်ရွယ်တည်ဆောက် ထားပြီး cloud service အတွက် လိုအပ်သည်တို့ကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲလေ့ရှိကြသည့် cloud အမျိုး အစားဖြစ်သည်။ မိမိတို့ဌာန၊ အဖွဲ့အစည်းက ကိုယ်ပိုင် အချက်အလက် သိုလှောင်ရာ data array နှင့် ကိုယ်ပိုင်လုပ်ဆောင်မှု Server များကို မိမိတို့၏ Data Center များတွင်ထားရှိ ကိုယ်တိုင်တည်ဆောက်ထားသော Cloud အမျိုးအစား ဖြစ်သည်။ VMware Microsoft ၊ IBM တို့သည် နာမည်ကျော် private cloud provider များ ဖြစ်ပါသည်။
Hybrid Cloud Hybrid cloud ဆိုသည်မှာ အထက်ဖော်ပြပါ Public Cloud နှင့် Private Cloud ကို ပေါင်းစပ်အသုံးပြုထားပြီး ပြုပြင်လွယ်၍ လုံခြုံမှုအဆင့်အတန်းရှိသည့်အတွက် သုံးစွဲသူများအကြား အကြိုက်တွေ့သည့် Cloud ဖြစ်သည်။
ခြားနားမှု အချုပ်အနေဖြင့် Cloud Service၏အားသာချက်များ နှင့် အားနည်းချက်များကို တင်ပြပါမည်။
အားသာချက်များ
၁။ နေရာတိုင်းမှ အချိန်မရွေး မိမိဒေတာများကို အင်တာနက်အသုံးပြု၍ဆောင်ရွက်လာနိုင်ခြင်း။
၂။ အချက်အလက်များ၊ ဒေတာများ သိမ်းဆည်းထားရန် Storage ပမာဏ များစွာရရှိခြင်း။
၃။ Service များကို လွယ်ကူမြန်ဆန်စွာ Set-up ပြုလုပ်နိုင်ခြင်း။
၄။ Update များပြုလုပ်ရန်အတွက်လည်း Auto စနစ်ကြောင့် အချိန်ကုန်သက်သာလာခြင်း။
၅။ Cloud-based Application များကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း။
၆။ လူအင်အားနှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရန်မလိုအပ်ခြင်း။
၇။ ငွေကြေးကုန်ကျမှုသက်သာခြင်း။
အားနည်းချက်များ
၁။ Cloud များစွာနှင့်ချိတ်ဆက်ထားခြင်းကြောင့် Virusi Malware နှင့် Spam များ ဝင်ရောက်လာနိုင်ခြင်း။
၂။ Unauthorized User များလည်း ဝင်ရောက်လာနိုင်ခြင်း။
၃။ ထိန်းချုပ်စီမံခန့်ခွဲမှုများအား Provider များသာရရှိခြင်း။
၄။ Privacy ပိုင်း အားနည်းမှုရှိခြင်း။
အသုံးပြုသင့်သည့် Cloud
Cloud အသုံးပြုမှုကို သေချာစွာရွေးချယ် အသုံးပြုသင့်သည်။ လက်ရှိအချိန်ကာလတွင် နည်းပညာ ခေတ်ဖြစ်လာသည်နှင့်အညီ အဖွဲ့အစည်းများသည် Cloud နည်းပညာများ အသုံးချလာသည့်အပြင် ၎င်းတို့ဖန်တီး တည်ဆောက်ထားသော Cloud နည်းပညာများကို အသုံးပြုရန် အဆိုပြုလာကြပါသည်။ ထို့ကြောင့် Cloud နည်းပညာများကို အသုံးပြုမည်ဆိုက ရှေးဦးစွာ မိမိတို့လိုအပ်ချက်ကို ဦးစွာသိရှိရန်လိုအပ်ပြီး လုပ်ငန်းလိုအပ် ချက်၊ ဘတ်ဂျက်ပမာဏ၊ နည်းပညာအရင်းအမြစ် စသည်တို့အပေါ် အခြေခံ၍ cloud အမျိုးအစားကို သေချာစွာ ရွေးချယ်၍ အသုံးပြုသင့်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါသည်။
နေခန့်နိုင်(TT)