ဒေါက်တာ အေးမြတ်လွင်(ဟင်္သာတ)
ကျွန်မတို့ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို အမြဲသတိရလျက်ရှိပြီး ဒီကဗျာလေးက ကျွန်မကို ဒီနေ့အထိ ဘဝမှာအဘက်ဘက်က စွမ်းအားတွေရှိ နေအောင် လမ်းပြနေတဲ့ စွမ်းအားကြီး ကဗျာတစ်ပုဒ်ပါ။ ဒီကဗျာလေးမှာပါတဲ့ “မီးတိုင်ငယ်လည်း သူ့အရွယ် နှင့်အစွယ်နှင့်၊ စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်၊ ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်” ဆိုတဲ့ စာသားတွေကို ရင်နဲ့အမျှ ခံစားနှစ်သက် ကျင့်သုံးခဲ့ပါတယ်။ အသက်တွေ ကြီးလာပေမယ့်၊ အသိုင်းအဝိုင်းတွေ ပြောင်း သွားပေမယ့်၊ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပေမယ့်၊ အချိန်အခါတွေ အခြေအနေတွေ ပြောင်းသွားပေမယ့် အမြဲကျင့်သုံးနိုင်ခဲ့ပါတယ်။
တန်ဖိုးရှိတဲ့စွမ်းအားတွေ ဒီလိုပါပဲ ဒီနေ့ ကျွန်မ နှစ်သိမ့်ဆွေးနွေးခြင်း ဆိုင်ရာနယ်ပယ်မှာ သင်တန်းတွေပေးတဲ့အခါတိုင်း၊ လူတွေကို နှစ်သိမ့်အားပေးတဲ့အခါတိုင်း အမြဲထည့်ပြော လက်ဆင့်ကမ်းဖြစ်တဲ့ ကဗျာလေးပါ။ သူတို့လည်း စွမ်းအားတွေကို ကဗျာလေးကတစ်ဆင့် ရရှိလာကြပါတယ်။ မိမိမှာ တန်ဖိုးရှိတဲ့စွမ်းအားတွေရှိတယ်။ ဒါကြောင့် မှားတာတွေပြင်မယ်။ စိတ်ညစ်စရာတွေကို ဖယ်မယ်။ ကိုယ့်အားကိုယ်ကိုးမယ်။ ကိုယ့်လမ်းကိုယ် မှန်အောင်လျှောက်မယ်၊ သူများကိုလည်း ကိုယ်စိတ် အခန့်မသင့်တိုင်း ကိုယ်မှားလား၊ မှန်လားဆိုတာကို ဆင်ခြင်ပြီး သူများကိုဒုက္ခမပေးတတ်ဘဲ ကိုယ်တိုင် နေထိုင်တတ်လာနိုင်တဲ့ စွမ်းအင်တွေကို ရလာမယ်ဆိုတဲ့ အချက်တွေကို သဘောပေါက်လာအောင် လက်ဆင့်ကမ်း ဖြစ်ပါတယ်။
အသက်ငယ်သူတွေရော အသက်ကြီးသူတွေမှာပါ လူတိုင်းနီးပါးမှာ သတ္တိစွမ်းအားတွေ၊ နူးညံ့သိမ်မွေ့စွာ၊ ရင့်ကျက်တည်ငြိမ်စွာ တွေးခေါ်နိုင်တဲ့စွမ်းအင်တွေ သူ့အရွယ်နဲ့သူ ပေါ်လွင်ထင်ရှားလျက် (သို့) ပုန်းအောင်း လျက်နဲ့ ရှိတတ်ကြပါတယ်။
အထောက်အပံ့ဖြစ်စေ ဒီစွမ်းအားတွေဟာ ပင်ကိုက ပါလာသလို ဗဟု သုတတွေကလည်း အထောက်အပံ့ဖြစ်စေပါတယ်။ လူတိုင်း လူတိုင်း ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ ထင်ပေါ်ကျော်ကြားနိုင်တဲ့ သတင်းတွေ၊ စွမ်းအားတွေ ရှိနိုင်ကြပါတယ်။ သူတို့နဲ့ လိုက်ဖက်တဲ့၊ အများလက်ခံဂုဏ်ယူလို့ရနိုင်တဲ့၊ သူ့အချိန် သူ့အခါမှာ ရှိသင့်ရှိထိုက်တဲ့ သတ္တိတွေ ရှိကြပါတယ်။ ၊ တစ်ခါတစ်ရံမှာ အုပ်ထိန်းသူတွေ၊ အကြီးအကဲတွေထက် သာတဲ့ အတွေးတွေ၊ အကောင်အထည်ဖော်ရဲတဲ့ စွမ်းအား တွေ ရှိတတ်ကြပါတယ်။
တစ်ဖက်မှာ အုပ်ထိန်းသူတွေ၊ အကြီးအကဲတွေရဲ့ ( သွန်သင်ဆုံးမမှုတွေ၊ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြမှုတွေကနေ ဆင်ခြင်သုံးသပ်ခွင့်၊ လေ့လာခွင့်၊ ကျင့်သုံးခွင့် တွေလည်းရှိနိုင်ပါတယ်။ သူတို့ လက်ဆင့်ကမ်းပေးတဲ့ သတင်းအချက်အလက်၊ အပြုအမူ၊ ထိန်းကျောင်းသွန်သင် ပဲ့ပြင်မှုတွေ အားကောင်းလာရင် လူငယ်တွေဟာ အသိတွေ၊ သတိတွေကို ပိုမိုရရှိလာနိုင်ပါတယ်။ မျိုးဆက်တို့ရဲ့ ရှင်သန် ခြင်းတွေလို့ ပြောလို့ရပါတယ်။
မျိုးဆက်လို့ပြောတာနဲ့ ဆက်လက်ပေးအပ်သူနဲ့ ဆက်လက်လက်ခံသူဆိုတာ ဆက်တိုက်စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။ ပေးအပ်သူရော၊ လက်ခံသူရော ဟန်ချက်ညီအောင် နှစ်ဖက်လုံးမှာ တာဝန်သိမှု၊ တာဝန်ပေးမှု၊ တာဝန်ယူမှု ကောင်းကောင်းလိုအပ်ပါတယ်။ ကောင်းတာ တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပေးအပ်သူကပဲ ဖြစ်ဖြစ် လက်ခံသူကပဲဖြစ်ဖြစ် တစ်ဖက်စောင်းနင်း အားသာနေရင် နားလည်ခြင်း၊ လက်ခံပေးခြင်း၊ လက်တွဲ
ဆောင်ရွက်ခြင်းတို့ကိုလုပ်တတ်တဲ့ စွမ်းအင်တွေရှိဖို့ လိုပါတယ်။
ဒီနေ့ ဒီချိန်အခါမှာ လူသားတိုင်း မိမိမှာ အခွင့် အရေးတွေရှိတယ်၊ စနစ်တကျ ရယူပိုင်ဆိုင်ခွင့်ရှိတယ်၊ စနစ်တကျ မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ဖော်ဆောင်ခွင့် ရှိပါတယ်။ အခွင့်အရေးတိုင်းမှာ စည်းကမ်းတွေ၊ တန်ဖိုးထား မှုတွေရှိတယ်။ လူသားထဲက လူသားဖြစ်တဲ့ အမျိုးသမီးတိုင်းမှာလည်း မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေ့ရှိပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံ မိမိကိုယ်တိုင် (သို့) အခြားသူတစ်ဦး(သို့) အုပ်စုလိုက် အကြမ်းဖက်ခံရမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်တိုက်ခိုက်မှု တွေအပေါ် ဗဟုသုတနည်းပါးခြင်း၊ သိမ်ငယ်စိတ် အားငယ်စိတ်၊ ရှက်ကြောက်စိတ်တွေ ရှိခြင်းတို့ကြောင့် မိမိရဲ့ ကိုယ်ပိုင်စွမ်းအားတွေကို အသုံးပြုရမှန်းမသိနိုင်လောက်အောင် ဖြစ်တတ်ကြပါတယ်။ ဒီလိုအခါမျိုးတွေ မှာ လူသားချင်းညှာတာစိတ်၊ ကူညီလိုသောစိတ်တွေနဲ့ ကူညီသူတွေလည်းပေါ်လာပြီး ဥပဒေဘောင်အတွင်း အားကြိုးမာန်တက် ကူညီတတ်ကြပါတယ်။
အကောင်းဆုံးရလဒ်တွေ အမှန်တကယ်ပြဿနာဖြစ်မှ ကူညီရတာထက် ပြဿနာမဖြစ်အောင် ကာကွယ်တားဆီး၊ သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေကိုယ်တိုင် မိမိရဲ့ ရှိပြီးသားအခွင့် အရေးတွေကို သိရှိနားလည်နေဖို့လိုအပ်ပါတယ်။ ပြဿနာ ဖြစ်အောင်လုပ်သူတွေကိုယ်တိုင်ကလည်း အမျိုးသမီးတွေ မှာ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ခွင့်ရှိတဲ့ အခွင့် အရေးတွေရှိနေတယ်ဆိုတာ သိနေမယ်ဆိုရင်၊ ဖြစ်အောင် မိမိဘက်က ထိန်းသိမ်းမယ်ဆိုရင် အကောင်းဆုံးရလဒ်တွ ရလာမှာဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်လည်း ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုအန္တရာယ်ကင်းကင်း ပိုမိုတိုးတက်အောင် လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
အကူအညီလိုသူအမျိုးသမီးတိုင်းမှာ မိမိကိုယ်မိမိ ထိန်းကျောင်းရင်း ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိတဲ့ စွမ်းအားတွေ ကို အသုံးပြုနိုင်သလို အမျိုးသမီးတွေအပေါ်မှာ အနိုင်ကျင့် လိုသော၊ အကြမ်းဖက်လိုသောသူများမှာလည်း ဒီလို အမူ အကျင့်မျိုးမထားအပ်ဘူး၊ လုပ်အပ်ဘူးဆိုတဲ့ အသံတွေ သတိတွေရှိလာနိုင်တဲ့ စွမ်းအားတွေ့ရှိဖို့လိုပါတယ်။ ဒါကြောင့်သည် စွမ်းအားတွေကို ရလာနိုင်ဖို့ အသုံးချလာနိုင် ဖို့ဆိုတာ လူတိုင်းမှာ တာဝန်သိသိနဲ့ တာဝန်ယူနိုင်ဖို့ ဝိုင်းဝန်းပြောပြနိုင်ဖို့၊ ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ အထူး လိုအပ်ပါတယ်။
အမျိုးသမီးတိုင်းဟာ အသက်အရွယ်မရွေး၊ အချိန်အခါ မရွေး၊ နေရာမရွေး အကြမ်းဖက်ခံရနိုင်ခြေရှိသလိုအသက် ရွယ်ရွေး၊ အချိန်အခါမရွေး၊ နေရာမရွေး အမျိုးသမီး တွေဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။ ဒါကြောင့် ငယ်ရွယ်သော အမျိုးသမီး အပါအဝင် လူလတ်ပိုင်းအမျိုးသမီးများ၊ အမျိုးသမီးကြီးများကိုယ်တိုင် မိမိရဲ့ စွမ်းအားတွေကို ဖော်ထုတ်လွှလျှောက်လှမ်းနိုင်ဖို့၊ ယင်းတို့ကို ပတ်ဝန်း ကျင်က ဝိုင်းဝန်းကာကွယ်စောင့်ရှောက်နိုင်ဖို့၊ လူသား တိုင်းသာ တာဝန်ယူနိုင်တဲ့ စွမ်းအားတွေကို အသုံးချ မယ်ဆိုရင်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်မယ် ဆိုရင် မိရဲ့ မျိုးဆက်မှာ လူသားတိုင်းရဲ့ မျိုးဆက်တိုင်းမှာ အရည်အသွေး ပြည့်ဝတဲ့ လူသားတွေအဖြစ် ရပ်တည်လာ နိုင်ကြပါလိမ့်မယ်။
ဝိုင်းဝန်းကူညီဖြေရှင်း အမျိုးသမီးအရေးကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်း တွေက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ရှိကြပါတယ်။ လူသားတွေရဲ့ စိတ်ခံစားချက်တွေ၊ လူမှုရေး အခက်အခဲတွေကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့ ကျွန်မတို့နှစ်သိမ့်ဆွေးနွေးပေးကြသူတွေမှာလည်း နေရာ ဒေသမျိုးစုံက အကြောင်းအမျိုးမျိုးကြောင့် လူမှုဒုက္ခ၊ စိတ်သောကရောက်နေကြတဲ့ ကျားမ မရွေး၊ ကြီးငယ် ရွယ်လတ် အစုံပါဝင်တဲ့သူတွေကို နှစ်သိမ့်အားပေးကြပါ တယ်။ အားပေးဆွေးနွေးရင်း သူတို့ရဲ့ အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် နားလည်သဘောပေါက် လက်ခံကျင့်သုံး တတ်လာအောင် ပုန်းအောင်းနေတဲ့ စွမ်းအင်ပုန်းတွေကို ဖော်ထုတ်အသုံးချလာအောင်၊ စွမ်းအင်တွေရရှိလာအောင်၊ တိုးပွားလာအောင် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှနဲ့ လုပ်ဆောင်ပေးကြရာမှာ မိမိကိုယ်မိမိရေး အသိုင်း အဝိုင်းကို ကာကွယ်စောင့်ရှောက် တတ်သွားတဲ့ ဘဝမှာဆက်လက်ဖွံ့ဖြိုးရှင်သန်အောင် နေတတ်သွားတဲ့ သူတွေကို တွေ့ရရင် ကျွန်မတို့ အားပေးဆွေးနွေးသူ အဖွဲ့တွေ အလွန်ကြည်နူးကြရပါတယ်။ သူတို့မှာလည်း အရွယ်အလိုက် အချိန်အခါအလိုက် အဆင်းရှိရှိ၊ အချင်း ရှိရှိ၊ တန်ဖိုးရှိရှိ နေနိုင်ကြပါလားဆိုတဲ့အသံတွေ၊ အလုပ် တွေကို ပေးလိုက်ခွင့်ရလို့ အလွန်ပီတိ ဖြစ်ကြရပါတယ်။
ဒါကြောင့် မျိုးဆက်တိုင်းတွက် လိုအပ်ချက် အမျိုးသမီးအခွင့်အရေးသိလျက် ဖော်ဆောင်ရွက်” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ကျွန်မတို့အားလုံး တာဝန်ယူဆောင်ရွက် ရင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါတယ်။ ။