နေပြည်တော် ဇွန် ၃၀

 

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သဇင်လမ်း (တော်ဝင်သီရိလမ်းနှင့် မြတ်မင်္ဂလာလမ်းကြား) လမ်းဘေး ဝဲယာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

လှည့်လည်ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိဝန်ကြီးနှင့် တာဝန်ရှိသူများ က သတ်မှတ်နေရာများ၌ ကံ့ကော်၊ ခရေ၊ ကျွန်းနှင့် ပျဉ်းကတိုးပျိုးပင်များကို စတင်စိုက်ပျိုးပေးပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများက ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင် ၄၀၈ ပင်ကို သတ်မှတ်နေရာများ၌ အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့အတူ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများ၊ ရေနံမြေများ၊ စက်ရုံ၊ အလုပ်ရုံများ၌လည်း ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ကျည်း၊ သစ်ဆိမ့်ပင်၊ သပြေ၊ ကုက္ကို၊ ဝက်သစ်ချနှင့် အခြားအရိပ်ရ လေကာပင် စုစုပေါင်း ၄၅၆၀ ကို စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်